eimg / ybs-data-json

YBS Data - Simplify JSON

Geek Repo:Geek Repo

Github PK Tool:Github PK Tool

YBS Data - Simplify JSON

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) မှ တရားဝင် ထုတ်ပြန်ထားသည့် YBS Open Data (ybs_000115) အား App များ Website များတွင် အသင့် အသုံးပြုနိုင်သော JSON Data အဖြစ် ပြောင်းလဲ ထားခြင်းဖြစ်သည်။

  • အဓိကအချက်အလက်များနှင့် အသေးစိတ်အချက်အလက်များကို ခွဲထုတ်ထားသည်
  • String များအား JSON ဖြစ်အောင် Parse လုပ်ထားသည်
  • Whitespace အပိုများ ဖယ်ထုတ်သန့်စင်ထားသည်
  • စာလုံးပေါင်းများအချို့ပြင်ဆင်ထားပြီး ဆက်လက်ပြင်ဆင်ရန် ရည်ရွယ်သည်
  • မှတ်တိုင်အမည်ကွဲများ တွဲဖက်ထည့်သွင်းထားသည်၊ ဆက်လက်ဖြည့်စွက် သွားရန် ရည်ရွယ်သည်
  • တည်နေရာတူ မှတ်တိုင်ကွဲများအား ချိတ်ဆက်ထားသည်


## List of files
  • bus-line-data-by-id.js ယာဉ်လိုင်းအလိုက် အခြေပြုမြို့နယ်၊ ဒေသနှင့် အမျိုးအစားများ ပါဝင်သည်
  • bus-stop-data-by-id.js မှတ်တိုင်အမှတ်အလိုက် အမည်၊ အမည်ကွဲ၊ လမ်းနှင့် တည်နေရာများ ပါဝင်သည်
  • bus-stop-ids-of-lines.js ယာဉ်လိုင်းအမှတ်အလိုက် ဖြတ်သန်းသွားရောက်သည့် မှတ်တိုင်အမှတ်များ ပါဝင်သည်
  • bus-stop-names-of-lines.js ယာဉ်လိုင်းအမှတ်အလိုက် ဖြတ်သန်းသွားရောက်သည့် မှတ်တိုင်အမည်များ ပါဝင်သည်
  • lines-of-bus-stops.js မှတ်တိုင်အလိုက် ဖြတ်သန်းသွားသည့် ယာဉ်လိုင်းများ ပါဝင်သည်

Todo

* မှတ်တိုင်အလိုက် အချက်အလက်များတွင် ဦးတည်ရာအညွှန်း (သို့) လမ်း၏ မည်သည့်ဘက်တွင် တည်ရှိသည်ကို ထည့်သွင်းသင့်သည်။

Note

မှတ်တိုင်အလိုက် ဖြတ်သန်းသွားသည့် ယာဉ်လိုင်းများ ဖော်ပြရာတွင်၊ တည်နေရာတူညီသည် အခြားမှတ်တိုင်များသို့ ရောက်ရှိသည့် ယာဉ်လိုင်းများအားလည်း တွဲဖက်ပေးထားသည်။ lines-of-bus-stops.js တွင်လေ့လာပါ။

ဥပမာ - မြို့ထဲသို့သွားသည့် "သီတာလမ်း" မှတ်တိုင်နှင့် လမ်းတစ်ဘက်ခြမ်းရှိ တာမွေသို့သွားသည့် "သီတာလမ်း" မှတ်တိုင်တို့သည် မှတ်တိုင်အမှတ် ကွဲပြားသော်လည်း တည်နေရာ တစ်ခုတည်းဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။

Route API

သွားရောက်လိုသည့် ခရီးစဉ် အစမှတ်တိုင် id နှင့် အဆုံးမှတ်တိုင် id ပေးလျှင် စီးရမည့် ယာဉ်လိုင်းများအား ပြန်ပေးနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ အသုံးပြုရန် API URL မှာ အောက်ပါအတိုင်ဖြစ်သည်။

http://barseeyale.com/api/route/best/138/287

138 သည် အစမှတ်တိုင် (လမ်း ၃၀) ဖြစ်သည်။ 287 သည် အဆုံးမှတ်တိုင် (လှည်းတန်း) ဖြစ်သည်။ မိမိလိုအပ်သည့် ခရီးစဉ်၏ အစမှတ်တိုင်၊ အဆုံးမှတ်တိုင်တို့နှင့် အစားထိုးအသုံးပြုနိုင်သည်။

ရရှိမည့်ရလဒ်နမူနာမှာ အောက်ပါအတိုင်းဖြစ်သည်။

	{
		"type": 2,
		"line": ["58", "21"],
		"nos": [7, 13],
		"list": [
			["138", "137", "...", "122"],
			["122", "125", "...", "287"]
		],
		"names": ["မော်တင်", "လှည်းတန်း"]
	}
  • "type": 2 ဆိုသည်မှာ နှစ်ဆင့်စီးရမည်ဟု အဓိပ္ပါယ်ရသည်
  • "line": ["58", "21"] ဆိုသည်မှာ ပထမအဆင့် (၅၈) ကိုစီး၍၊ ဒုတိယအဆင့် (၂၁) ကို ပြောင်းစီးရမည်ဟု အဓိပ္ပါယ်ရသည်
  • "nos": [7, 13] ဆိုသည်မှာ ပထမယာဉ်လိုင်း (၅၈) ကို (၇) မှတ်တိုင်စီး၍၊ ဒုတိယယာဉ်လိုင်း (၂၁) ကို (၁၃) မှတ်တိုင် စီးရမည်ဟု အဓိပ္ပါယ်ရသည်
  • "list" ဖြင့် ဖော်ပြထားသည်များမှာ မှတ်တိုင်စဉ် အဆင့်ဆင့်ဖြစ်သည်
  • "names": ["မော်တင်", "လှည်းတန်း"] ဆိုသည်မှာ ပထမယာဉ်လိုင်း (၅၈) ကို "မော်တင်" ထိ စီးရမည်ဖြစ်ပြီး၊ ဒုတိယယာဉ်လိုင်း (၂၁) ကို "လှည်းတန်း" ထိ စီးရမည်ဟု အဓိပ္ပါယ်ရသည်

API ဆိုင်ရာ ကျန်အချက်အလက်များကို barseeyale.com တွင် ဆက်လက်လေ့လာနိုင်သည်။

Disclaimer

ဤအချက်အလက်များသည် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) တရားဝင် စီမံထိမ်းသိမ်း၍ ဖြန့်ဖြူးထားခြင်း မဟုတ်ပါ။ အချက်အလက် တိကျမှုအားလည်ကောင်း၊ ပြည့်စုံမှုအားလည်ကောင်း အာမမခံပါ။

License

ဤအချက်အလက်များအား YRTA Open Data License 1.0 ပါ ခွင့်ပြုချက်နှင့်အညီ ပြင်ဆင်၍ ပြန်လည်ဖြန့်ဝေသည်။ ဤအချက်အလက်များအား YRTA Open Data License 1.0 ပါ ခွင့်ပြုချက်များ၊ ကန့်သန့်ချက်များနှင့်အညီ ရယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်နိုင်သည်။


http://data.yangonbus.com/license.html

Remark

Missing Bus Stop #200 in original source.

About

YBS Data - Simplify JSON


Languages

Language:JavaScript 100.0%